Saiful Battar ၏ ကျားမပီသာသည့် ပြဿနာ မီးထွန်းရှာပုံ နှင့် ၎င်း၏ မိုနာဖေကသ်
Posted by jamal hussein on December 16, 2012 at 13:57
Send Message View Blog
Saiful Battar ၏ ကျားမပီသာသည့် ပြဿနာ မီးထွန်းရှာပုံ နှင့် ၎င်း၏ မိုနာဖေကသ်ကျွန်တော်အနေဖြင့် စွန္နီ ညီနောင်များ ကျမ်းလာ ဆွာဟာဗာ၊ သာဝကတော်များ အကြောင်း အပိုင်း(၁) ဆိုသည့် ခေါင်းစဉ်ဖြင့် msm site တွင် ဒီဇင်ဘာလ ၁၅ရက်နေ့ က မူရင်းစာအုပ် အစစ်၏ ဓာတ်ပုံဖြင့် တင်ပေးခဲ့ပါသည်။
အိပ်ပျော်နေသူအား နိုးရတာ လွယ်ပြီး ၊ အိပ်ချင်ယောင်ဆောင်နေသူအား နိုးရခက်သည်ဆို စကားမှာ သွေးထွက်အောင်မှန်ပေးသည်။
အကြောင်းမှာ လူတစ်ဦးတစ်ယောက်သည် မိမိ၏ အတ၊မာန ၊ ဂျေဟာလသ် ကိုထိပ်တန်းတင် လာမည်ဆိုလျှင် ဘယ်တော့မှ သူတစ်ပါး၏ မှန်ကန်သည့်စကားကိုပင်လက်မခံတော့ချေ။
ကျွန်တော်အနေဖြင့် အင်ရှာအလ္လာဟ် ညီငယ် saiful တွင် သူတင်ထားသည့် (ဆွဟာဗာနှင့်မိုနာဖိက် ရှီအာ Operations) ဆိုသည့်ဘုမသိဗမသိ သူတစ်ပါးအား လွယ်လွယ်လေး စွပ်စွဲထားသည့် ပို့စ်အား တစ်ချက်ခြင်းတင်ပြသွားပါမည်။
လောလောဆယ် ညီငယ် saiful မှ စိတ်မနံသူ တစ်ဦးပမာ အခုတစ်မျိုး တော်ကြာတစ်မျိုး မိုနာဖေကသ် လုပ်ထားသည်ကို သတိချပ်မိပါသည်။
စာရူချစ်ပရိသတ်ကြီးလည်း သတိချပ် မိပေမည် ။
အထောက်အထားအဖြင့်ဖော်ပြရလျှင် ကျွန်တော်တင်ထားသည့် စွန္နီ ညီနောင်များ ကျမ်းလာ ဆွာဟာဗာ၊ သာဝကတော်များ အကြောင်း အပိုင်း(၁) ဆိုသည့် ပို့စ်အောက်တွင် saiful အနေဖြင့်မိမိ
ကိုယ်ကို သူတော်စင်လူငယ် အမှန်တရားကို ရှာဖွေသူ ပမာ အောက်ပါအတိုင်း ရေးထားပေးသည်။
((Comment by Saiful Battar 8 hours ago Delete Comment ရှိခ်ဂျမာလ်ခင်ဗျား... ရေးထားတာတွေမိုတ်ပါတယ် နားမလည်တာက ဆွဟာဗာတွေထဲမှာမိုနာဖိက် (ရှိခ်ပြောတဲ့အတိုင်း) ရှိတယ်ဆိုရင် ဘယ်သူတွေများလဲခင်ဗျား ကျွန်တော်ကတော့မသိပါဘူး အဲဒါကြောင့်သိချင်ပါတယ် ပြီးတော့ သတ်မှတ်ထားတာရှိပါသလားခင်ဗျား ဘယ်သူတွေကမိုနာဖိက်ဖြစ်ပါတယ်လို့ သတ်မှတ်ထားတယ်ဆို အစဉ်
လိုက်လေပြောပြပေးပါ မသတ်မှတ်ထားဖူးဆိုရင် သံသယနဲ့ဒီလူဖြစ်မလားဟိုလူဖြစ်မလားဆိုပြီး လိုက်ယောင်နေရင် ထိုင်နေရင်းကျွန်တော်ဂိုနာရနေပါအုံးမယ် ရှိခ်အနေနဲ့မိမိရဲ့စာသားထဲ ဘာသာပြန်ဆိုသူ -
(မကောင်းသည့်) ဆွာဟာဗာများကို ရှီအာများအနေဖြင့်မကောင်းကြောင်း ပြောလျှင်ရေးလျှင် ဒီလိုရေးထားပါတယ် ဒီစကားရဲ့အဓိပ္ပါယ်ဟာ မကောင်းသည့်ဆွဟာဗာတွေကို ရှိခ်တို့အနေနဲ့
(၁)မကောင်းပြောပါတယ် (၂)မကောင်းပြောရချင်းက မကောင်းတဲ့သူကိုအတိကျသိလို့လဲဖြစ်ပါတယ် ဒါကြောင့် ဘယ်ဆွဟာဗာ (ရှိခ်ရဲ့အရေးသားအတိုင်း) ဘယ်မိုနာဖိက်က ဂျဟန္နမ်သွားမယ့်မိုနာဖိက်ဖြစ်ပြီး
ဘယ်အကြောင်းကြောင့်မိုနာဖိက်ဖြစ်ကာ ဘယ်စာအုပ်၌ မိုနာဖိက်ဖြစ်သည်ဟု ဘယ်ပညာရှင်ကကြေငြာထားပါသနည်း ကျွန်တော်ကတော့ပညာရှင်တွေကိုကိုးကွယ်ယုံကြည်သူမဟုတ်ပါဘူး အလ္လာဟ်နဲ့အလ္လာဟ်ရစူးလ်ရဲ့
အမိန့်တော်တွေကိုသာယုံကြည်ပါတယ် ဘယ်အဖွဲ့ရယ်လို့မသတ်မှတ်ထားပဲ အမှန်တရားကိုသာလိုက်စားတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ကျွန်တော်သိချင်တာလေးကိုအစဉ်လိုက်လေပြန်ရေးပြမယ် ရှိခ်ဖြေရတာ
အစဉ်ပြေအောင်လို့ (၁)ဘယ်ဆွဟာဗာက မိုနာဖိက်လဲ (၂)ဘယ်လိုသိရသလဲ (၃)ဘယ်စာအုပ်မှာပါသလဲ (၄)ဘယ်ဟဒီးစ်နဲ့စာဗိသ်ဖြစ်လဲ ))
ကျွန်တော်အနေဖြင့်လည်းချက်ချင်းနာရီမခြားဘဲ၎င်း၏မေးခွန်းအားအော်...တကယ်အမှန်တရားကိုလေံလာ
လိုသည့်လူငယ်လေးတစ်ယောက်ဟုနီယသ်ကောင်းဖြင့်အောက် ပါအတိုင်းအဖြေပေးပြီးစာအုပ်အစစ်ကိုပါတင်ပေးခဲ့ပါသည်။
((Comment by jamal hussein 7 hours ago Delete Comment စလာမ်... စလာမ်မပါ ပါမပါဘဲ ရေးပြီးမေးလာတဲ့ ညီငယ် saiful ခင်ဗျား ... ကျွန်တော်ဟာ အလ္လာဟ်ထက်မကြီးပါဘူးခင်ဗျား။
အလ္လာဟ်ဟိုအရှင်မြတ်သခင်ကြီးတောင်ကျမ်းတော်မြတ်ကုရ်အာန် မှာ စူရဟ် ၆၃ စူရဟ်မိုနာဖေကူးန် ဆိုပြီးကျထားတော်မူပြီး အမည်တွေ မဖော်ပြထားပါဘူး၊ မကောင်းသည့်အရည်အချင်းတွေတော့ဖော်ပြထား
ပါတယ်။ ဒါကြောင့် ငါညီလည်း မိုနာဖေက်အရည်အသွေးနဲ့ ဘယ်သူတွေရှိလည်းဆိုတာ စစ်မှန်တဲ့သမိုင်းစာအုပ်များဟဒီးစ်တော်များ၊ သဖ်စီးများ..အရ လေ့လစိစစ်နိုင်ပါတယ်။ နောက် ကျွန်တော်ဖော်ပြထားတဲ့
ဟဒီးစ်အညွန်းတွေလည်းပါနေတော့ သွားဖတ်ကြည့်ပေါ့။ နောက်ရှိက်ခ်ခွလ်ဟဒီးစ်တွေဖြစ်မဲ့ ငါညီဆရာတွေကိုမေးကြည့်ပေါ့။ နောက် စဟီးဘုခါရီ အကျယ်ဖွင့်ကျမ်း များ ဖြစ်ကြတဲ့
الکواکب الداری -شمس الدین محمدبن یوسف
فتح الباری فی شرح البخاری - زین الدین ابوالفرج
فتح الباری فی شرح صحیح البخاری - ابن حجر عسقلانی သက်ဆိုင်ရာဖော်ပြထားတဲ့ဟဒီးစ်ပါ ပါဒ် မှာသေသေချာချာလေ့လာကြည့်ပေါ့။ ပြီးတော့ စဟီးမွတ်စလင် အကျယ်ဖွင့်ကျမ်း များ ဖြစ်ကြတဲ့
المنهاج فی صحیح مسلم ابن الحجاج - یحیی بن
شرف الدین
اکمال اکمال المسلم - محمد بن خلیفه رستانی ابّی
الدیباج علی صحیح مسلم بن الحجاج - جلال الدین سیوطی
တွေကို လေ့လာကြည့်ပေါ့၊ရှာရတာလွယ်အောင် ကျမ်းပြုစုသူနာမည်တွေပါ တွဲရေးထားတယ်နော်။ နောက်ငါညီ အာရဘီကောင်းကောင်းနိုင်ရင်တော့ အတက်ကတင်ပြထားတဲ့ စာအုပ်ကို ဖတ်ကြည့်ပေါ့။
ဒီစာအုပ်ကအူရ်သူလိုဘာသာပြန်ပြီးသာရှိတယ်နော်။ ငါညီပြောသလို့ …ကျွန်တော်ကတော့ပညာရှင်တွေကိုကိုးကွယ်ယုံကြည်သူမဟုတ်ပါဘူး အလ္လာဟ်နဲ့အလ္လာဟ်ရစူးလ်ရဲ့အမိန့်တော်တွေကိုသာယုံကြည်ပါတယ်
ဘယ်အဖွဲ့ရယ်လို့မသတ်မှတ်ထားပဲ အမှန်တရားကိုသာလိုက်စားတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ဆိုတဲ့စကားဟာ လက်တွေ့ ဖြစ်လာပါစေလို့ ဒိုအာပြုလိုက်ပါတယ် ။))
ပြီးနောက် ၎င်း saiful အနေဖြင့် ကျွန်တော်အဖြေပေးပြီး ၆နာရီ အကြာ တပြိုင်တည်း ပြဿနာမီးထွန်းရှာပြီး ၊မိုနာဖေကသ် အလုပ်ကိုစပါတော့သည်။
အကြောင်းမှာ …တချိန်တည်း ကျွန်တော်ပို့စ်အောက်တွင်
Comment by Saiful Battar 1 hour ago Delete Comment စလာမ် ဂျဇာကလ္လာဟ် bro..
လို့ တင်ထားပြီး နောက်တဖက်တွင် ဆရာကြီးလုပ်ကာ မနူးမနပ်သူတစ်ပါးပို့စ်ကိုအသေအချာမဖတ်ဘဲ၊ကိုယ်စီးတဲ့မြင်းအထီးလား?အမလား?မသိရမ်းပြီးဖြေရှင်းချက်
တွေ ထုတ်ထားပေတော့သည်။
ဆွဟာဗာနှင့်မိုနာဖိက် ရှီအာ Operations • Posted by Saiful Battar on December 16, 2012 at 11:26 • View Blog
ဆိုပြီးတင်ထားပါသည်။
saiful အနေဖြင့် ပြဿနာမီးထွန်းရှာပြီး ၊မိုနာဖေကသ် အလုပ်ကိုလုပ်ထားတာဟုတ်မဟုတ်အောက်ဖော်ပြပါ လင်းခ်များကို စာရူသူကလစ်နှိပ်ကြည့်ပါ။
http://myanmarshia.ning.com/profiles/blog/show?id=6379328%3ABlogPos...
http://myanmarshia.ning.com/profiles/blogs/operations?xg_source=act...
ကျားဆိုရင် saiful အနေဖြင့် ဒီပို့စ်ကို mmolama ဆိုက်မှတင်ပေးပေါ့။
နောက်ညီငယ်ရဲ့ပို့စ်ကိုလည်းအဖြေကိုတစ်ခုခြင်းဆီ ပေးသွားပါမည်။
ရှိက်ခ်ဂျမားလ်

0 comments:
Post a Comment