ဒါကတော့ရှိခ်ဂျမာလ်က ကျွန်တော့ရဲ့ ဆွဟာဗာနှင့်မိုနာဖိက် ရှီအာ Operations အတွက် ဒုတိယ တုံ့ပြန်မှုပါ အောက်ကစပြီးရှိခ်ဂျမာလ်ရဲ့အရေးသားတွေဖြစ်ပါတယ်
အထူး မှတ်ချက် ။ ။ Msm members တိုင်း ဤပို့စ်အား အသေအချာ ဖတ်ရူ့ပြီး
မိမိတို့၏ ခံစားချက်များ၊မြင်ရပုံများကိုအမှန်အတိုင်း၊ကျေးဇူးပြုပြီးရေး
သားပေးဖို့မေတ္တာရပ်ခံအပ်ပါသည်။
Saiful ၏ စာသားများရှိခ်ဂျမာလ်ရဲ့ပို့စ်တစ်ခု စွန္နီ ညီနောင်များ ကျမ်းလာ ဆွာဟာဗာ၊ သာဝကတော်များ အကြောင်း အပိုင်း(၁) ကိုအမြင်မတော်လို့ ကျွန်တော်ဒီပို့စ်ရေးလိုက်ပါတယ်
ရှီအာတွေရဲ့အထင်မှာဆွဟာဗာတွေထဲမှာမိုနာဖိက်တွေရှိတဲ့အပြင်ဆွဟာဗာအများစုဟာမိုနာ ဖိက်လို့ယူစကြပါတယ် အဲဒီရဲ့အထောက်အထားအဖြစ် ကိုယ်တော်မြတ်(ဆွ)ရဲ့ဒီဟဒီးစ်တော်ကိုယူကြပါတယ်
ရှီအာတွေကိုးကားတဲ့ဟဒီးစ်က
فی أصحابی اثنا عشرمنافقا فیهم ثمانیة لا یدخلون الجنّة حتی یلج الجمل فی سمّ الخیاط
အဓိပ္ပါယ် ဆိုလိုချက် - ကျွန်ုပ်၏ ဆွာဟာဗာများမှ ၁၂ပါးသည် မိုနာဖေက် ဖြစ်ပါသည်။ ၎င်းတို့အနက်မှ ၈ ပါးသည် ဂျန္နတ်အမတသုခဘုံသို့ ဝင်ရောက်ခစား ကြရမည် မဟုတ်ချေ။
ဒီသံသယနဲ့စွတ်ဆွဲမှုကိုတစ်ဆင့်ပြီးတစ်ဆင့်ရှင်းသွားဖို့ကျွန်တော်ကြိုးစားသွားပါမယ်
(၁) ဆွဟာဗာတွေထဲမှာမိုနာဖိက်ရှိတယ်ဆိုတဲ့စကားကိုကမှားပါတယ်
ဘာကြောင့်လဲဆိုတော့ နေဖါက် (အရေချုံချင်းနဲ့) ဆွဟာဗီယသ်လိုမြင့်မားတဲ့အဆင့်တန်းဟာ ဘယ်တော့မှတစ်ပြေးထဲမကျနိုင်ပါဘူး အရင်ဆုံးဆွဟာဗဟ်ဘာကိုခေါ်လဲကြည့်ပါ
Jamal ၏ အဖြေများ
စကားမစမည်တစ်ခုပြောလိုပါတယ်။ အူရ်သူ စကားပုံတစ်ခုရှိပါသည်။ (နီးမ်ဟကီးမ် ခပ်သာရေဂျန်၊နီးမ်မွတ်လ္လာခပ်သာရေအီမာန်)စာဖတ်သူအားရှင်ပြရမည်ဆိုလျှင်(သမားတော်တဝက်သည်၊(လူနာ၏)
အသက်အတွက်အန္တရာယ်ပြီး၊မွတ်လ္လာဟ်(မော်လဝီ)တစ်ဝက်သည်၊အီမာန်အတွက်အန္တရာယ်ရှိပါသည်။)ဟုဖြစ်ပါတယ်။
သွေးထွက်အောက်မှန်ပါသည်။အကြောင်းမှာ saiful ခေါ်မော်လဝီလာဆိုလည်းမဟုတ် ၊ ရိုးရိုးလူဆိုလည်းမဟုတ်၊သူကအသံကောင်းဟစ်ပြီးကျွန်တော်ရေးထားသည့်ပို့စ်(စွန္နီ ညီနောင် များ ကျမ်းလာ ဆွာဟာဗာ၊ သာဝကတော်များ အကြောင်း အပိုင်း(၁) ) အားအသေ အချာ မဖတ် ဘဲ ဆွာဟာဗာဆိုတာနဲ့ အနာပေါ်ဆားကျဆိုသကဲ့သို့ထပေါက်ပြီးရမ်းကားထားသည့်ပို့စ် (ဆွဟာဗာနှင့်မိုနာဖိက် ရှီအာ Operations ) ရေးပြီး ရမ်းတုတ်ဆရာလုပ်ထားပါသည်။
ပထမဆုံးအချက်မှာsaifulခေါ်မော်လဝီလာဆိုလည်းမဟုတ်၊ရိုးရိုးလူဆိုလည်းမဟုတ်ဆိုသည့်စကား အတွက်သက်သေ၊အထောက်အထားများမှာ၊၎င်းmsm site တွင်တင်ထားသမျှပို့စ်နှင့် ကွန့်မန်ကိုဖတ်လျှင်လုံ လောက်ပါသည်။ပထမဆုံးsaiful၏စွပ်စွဲချက်ရှီအာတွေရဲ့အထင်မှာ
ဆွဟာဗာတွေထဲမှာမိုနာဖိက်တွေရှိတဲ့အပြင်ဆွဟာဗာအများစုဟာမိုနာ ဖိက်လို့ယူစကြပါတယ် ဆိုသည်အချက်မှာ လုံးဝ မှားယွင်း နေပါသည်။အကြောင်းမှာကျွန်တော်တို့ဘယ်ရှီအာ
အာလင်မ်ကရေးထားသည်ကိုအထောက်အထားအတိ အကျမပေးထားချေ။ကျွန်တော်အနေဖြင့်(စွန္နီ ညီနောင်များ ကျမ်းလာ ဆွာဟာဗာ၊ သာဝကတော်များ အကြောင်း အပိုင်း(၁) ) ပို့စ်၏ မူရင်းစာအုပ်၊ဓာတ်ပုံပါတင်ထားပေသည်။saiful အနေဖြင့် ခယာနတ် အလွဲသုံးထားလုပ်ထားပုံနောက် saiful အနေဖြင့် ခယာနတ် အလွဲသုံးထားလုပ်ထားသည်မှာအီရန်နိုင်ငံသားမွဖ်သီအဆင့်ရောက်သူစွန်နီ မော်လဝီကျောင်းသားတစ်ဦးကမေးထားသည့်ကျွန်တော်ပို့စ်ပါအောက် ဖော်ပြမေးခွန်းနှင့်
အထောက်အထားအားရှီအာတွေကိုးကားတဲ့ဆိုပြီးအရှက်မရှိ၊သိက္ခာမဲ့စွာ၊မိမိဗီဇာအရ၊ခယာနတ်လုပ်၊
သိုဟ်မသ်(စွပ်စွဲ) ထား ပေသည်။နောက်ဟဒီးစ်တော်၏ အညွန်းကို လည်း မဖော်ပြထားချေ။ ခယာနတ် ၊ခယာနတ် ၊ခယာနတ်
မဟာတမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် အချို့သာဝကတော်များကို မိုနာဖေက် ဟုမိန့်တော် မူခဲ့သည်မှာမှန်ပါသလား?ဂျန္နတ်အမတသုခဘုံသို့ဘယ်တော့မှဝင်ရောက်ရမည်မဟုတ်ဟု
မိန့် တော်မူထားပါသလား?
အကြောင်းမှာ စဟီးမွတ်စလင်ကျမ်းတော်တွင်အောက်ပါအတိုင်း ကိုယ်တော်မြတ် (ဆွ) အနေဖြင့် မိန့်တော်မူထားပေသည်။
فی أصحابی اثنا عشرمنافقا ؛ فیهم ثمانیة لا یدخلون الجنّة حتی یلج الجمل فی سمّ الخیاط ...
انظر – صحیح مسلم 8 : 122 ، کتاب صفات المنافقین ، مسند احمد 4 :320 ّ البدایة ئالنهایة 5 :20
မဟာတမန်တော်မြတ်ကြီး(ဆွ) ထက် saiful မှ တစ်လ ကြီးပုံကိုယ်တော်မြတ်ကြီး(ဆွ)ကဆွာဟာဗာတွေထဲမှမိုနာဖေက်ရှိပါတယ်ဆို၊သူကမရှိပါဘူး၊မအပ်ဆပ်ပါဘူးတဲ့၊
ဘာညာဆိုပြီး…ဆရာလုပ်တာ၊ဟဟားနောက်ဒီဟဒီးစ်ကစဟီးမွတ်စလင်မှာပါ တာလေ။ရှက်စရာကြီးဗျား၊ကိုယ်တော်မြတ်(ဆွ)၏ဟဒီးစ်တော်ကိုများ၊သူဒေါ်လာယူထားတဲ့သူတွေ
ဖက်ကစော်ဒကတက်ပေးရတယ်လို့ …စဉ်းစားစရာ…
ကိုယ်တော်မြတ်ကြီး(ဆွ)၏သာဝကတော်အစစ်တွေများဖြစ်ကြသည့်မောင်လာအလီ(အ.စ)၊ ဂျနာဗေအဗ်နေအာဘာစ်(ရ.သွေ့)၊ဟဇရတ်ဟမ်ဇာ(ရ.သွေ့)၊ဟဇရတ်ဗေလာ(ရ.သွေ့)၊ ဟဇရတ်အဗ်ဒွလ်လ္လာဟ်အဗ်နေမစ်စအူးဒ်(ရ.သွေ့)စသည်ဖြင့်တွေအရှေ့မှာဆို saiful တော့ မတွေးရဲစရာဘဲ …ဗျို့…
Saiful ၏ စာသားများ
ဆွဟာဗဟ်ရှရီအသ်အသုံးနှုံးအဓိပ္ပါယ်ဆွဟာဗဟ်ဆိုတာအဟ်လေ့စွန္နသ်ရှရီအသ်တရားတော် မှာ ကိုယ်တော်သခင်(ဆွ)ကိုမျက်စိနဲ့မြင် ထိုင်ဝိုင်းမှာထိုင်ပြီးကိုယ်တော့ထံအီမာန်ယူကာ အီမာန်နှင့်တကွသေဆုံးသူကိုခေါ်ဆိုပါတယ်ဆွဟာဗဟ် အဘိဓ္ဓါန်အဓိပ္ပါယ်
الملازمة والمرافقة والمعاشرة.အသင်းအဖွဲ့။ အစည်းအရုံး။ အတူလိုက်ပါသူ
accompany၊ associate with ၊keep company with
Jamal ၏ အဖြေများ
Saiful အနေဖြင့် ၊ မတတ်တတတ် ဆရာလုပ်ထားပုံ
ဆွဟာဗာအဓိပ္ပါယ်ကိုအတတ်ကြီးလုပ်ပြီးရှင်းထားပါသည်။သို့သော်အကိုးအကားမပါဘယ်အာလင်မ်၏
အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုဆိုထားကြောင်းမရေးထားဘဲကိုယ့်ကိုဆရာကြီးလုပ်ထားပေ သည်။နောက်အဘိဓာန်အဓိပ္ပါယ်လို့ရေးထားပြီး၊အဘိဓာန်အမည်အကိုးအကားမပါချေ။
Saiful အနေဖြင့် ၊ မိမိတို့၏ အာလင်မ်ပညာရှင် အေမာမ် ဘုခါရီ ၏ ဖွင့်ဆိုချက်ကို ဝှက်ထားပုံ
Saifulအနေဖြင့်မိမိတို့အာလင်မ်ကြီးအေမာမ်ဘုခါရီထက်အတတ်လုပ်ပြီးကိုယ်လိုသည့်အဓိ ပ္ပါယ် ဖွင့်ဆိုချက်ကိုသာရေးထားပေသည်။အကြောင်းမှအေမာမ်ဘုခါရီအနေဖြင့်ဆွာဟာဘီကို အောက် ပါအ တိုင်း အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။
ومن صحب النبّی (ص) أو رآه من المسلمین فهو أصحابه
صحیح بخاری ، ج 4 ص 188
အဓိပ္ပါယ်
-အကြင်မည်သူမဆိုနဘီ(ဆွ)နှင့်အတူနေထိုင်ဖူးမည်(သို့)မွတ်စလင်များမှတစ်ဦးတစ်ယောက်သည်ကိုယ်တော်(ဆွ)အား
မြင်ဖူးလျှင် ဆွာဟာဗာတော်ဖြစ်ပေသည်။
Saiful အနေဖြင့် ဆွာဟာဘာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ကျမ်းရှင်ကို မဖော်ပြထားဘဲ နောက်ခယာနတ် တစ်ခု ပြုထားပုံ
ပြီးနောက် Saiful အနေဖြင့် ဆွာဟာဘာ၏
အဓိပ္ပါယ်ဖွင့်ဆိုချက် ကျမ်းရှင်ကို မဖော်ပြထားဘဲ နောက်ခယာနတ်
တစ်ခုကိုပြုထားပါသည်အကြောင်းမှာ၎င်းဖော်ပြထားသည့်အဓိပ္ပါယ်ဖွင့်ဆိုသူ
(الاصابة تمیز الصحابة )မှာ အဗ်နေဟဂ်ျအာစ်ကလာနီ ဖြစ်ပါသည်။ ၎င်းအနေဖြင့် မိမိ၏ ကျမ်းမှာအောက်ပါအ တိုင်း အဓိပ္ပါယ်ဖွင့်ဆို ထားပါသည်။
الصحابی من لقی النبی (ص) مؤمنا به ومات علی الاسلام ،...
အဓိပ္ပါယ်
ဆွာဟာဘီဆိုသည်မှာနဘီ(ဆွ)အားအီမာန်ယူပြီးနောက်တွေ့ဆုံကာ၊အစ္စလာမ်အပေါ်တွင် ကွယ်လွန်ခဲ့သူကို ခေါ်ပါသည်။
ဆွာဟာဘီအဓိပ္ပါယ်ဖွင့်ဆို ချက် နောက်တစ်ခုအဗ်နေအစီးရ်အနေဖြင့် ဆွာဟာဘီအဓိပ္ပါယ်ကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
كل من صحبه شهرا أو يوما أو ساعة أو رآه
أسد الغابة - ابن الأثير - ج 1 - ص 12
အဓိပ္ပါယ်
ဆွာဟာဘီဆိုသည်မှာနဘီ(ဆွ)နှင့်အတူ တစ်လ(သို့) တစ်ရက်(သို့) တစ်နာရီ နေဖူးမည် (သို့)မြင်ဖူးမည်ဆိုလျှင် ထိုသူသည်ဆွာဟာဘီဖြစ်ချေသည်။
အေမာမ်ဘုခါရီ ၏ အဓိပ္ပါယ် ဖွင့်ဆိုချက် မှန်တာလား ? အဗ်နေဟဂ်ျအာစ်ကလာနီလား? အဗ်နေအစီးရ်လား ?Saiful ၏ ကျန်ရေးသားထားမှုများသည် ၊ ရမ်းထားချက် ၊ဖာထားချက် ၊ ကောက်ကျစ်၊ ယုတ်ပဲထားခြင်းဖြစ်ပါသည်။ ခွေးတွေ ဝမ်းသာအောင် လေလည်ပြထားခြင်း ဖြစ်ပါသည်။saiful ၏ ရေးထားကျန် အဓိပ္ပါယ်မဲ့ ၊ ရူးကြောင်မူးကြောင် စကားများကို ဆက်ဖြေရန်မလိုတော့ချေ။
ကျွန်တော်၏ အမေးမှာ saiful နှင့် ၎င်းကိုအားပေးသည့်သူများအနေဖြင့်မိမိတို့အမြင်မဟုတ်ဘဲ အတိတ်နှင့်လက်ရှိ အကျော်အမော် စွန်နီ အာလင်မ်များ အနေဖြင့်အထက်ကဖော်ပြထားသည့် စွန်နီအဓိကအာလင်မ်ကြီး (၃)ပါးမှ မည်သူ၏ဆိုလိုချက်ကို အတိပြုလက်ခံ ထားကြောင်း အထောက်အထား ကျမ်းအကိုးအကားဖြင့် ကျွန်တော်ဖော်ပြသလို့ဖော်ပြ စေလိုပါသည်။
ဒါဆို နို့က နို့၊ရေ ကရေ အဖြေထွက်လာပေမည်။ အမှန်နှင့်အမှား ၊ အလင်းနှင့်အမောင်း ၊ အဖြူနှင့်အမဲ ၊ အဆိုးနှင့်အကောင်း စာရူ့သူပရိတ်သတ်ကြီးအတွက် အဖြေထွက်လာပေမည်။
Saiful ၏ ဆုပ်စူး၊စားရူး ဘဝ ၊ စားရမှာလည်း သဲနှင့်ရှပ်ရှပ် ၊ပစ်ရမှာလည်းအဆီနှင့်ဝင်းဝင်း အခြေအနေ
သို့သော် အေမာမ်ဘုခါရီ ၏ အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုထောက်ခံ၊ခံအဗ်နေဟဂ်ျအာစ်ကလာနီကို ထောက်ခံ၊ခံ၊အဗ်နေအစီးရ်ကိုမဲပေးပေး၊ဆရာတု
ဆရာယောင်၊အပလာကောင်၊စကော လောက်ဇောက်မနက်သူ ၊လေကြီးမိုးကြီးဆွာဟာဗာဆိုပြီးထအော်နေသူ၊ကိုယ်ကိုအထင်ကြီးပြီး ငါရေးတာရှီအာအဖြေမပေးနိုင်တော့ဘူးလို့အိမ်မက်၊မက်နေသူsaiful ၊ အီးမပေါက်နိုင်အောင်၊ လုပ်မရအောင် ပိတ်မိနေပြီးဖြစ်ပေသည်။
အကြောင်းမှာ -
အေမာမ်ဘုခါရီနှင့် အဗ်နေအစီးရ် တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ကို အတိတ်နှင့်လက်ရှိ အကျော်အမော်စွန်နီအာလင်မ်များအနေဖြင့်ထောက်ခံထားလျင်saiful၏ပို့စ်(ဆွဟာဗာနှင့်မိုနာဖိက် ရှီအာ Operations ) သည် (ဆွဟာဗာနှင့်မိုနာဖိက် စွန်နီ Operations ) အဖြစ်ရောက် သွားပေမည်။
အကယ်၍ အဗ်နေဟဂ်ျအာစ်ကလာနီ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ကို အတိတ်နှင့်လက်ရှိ အကျော်အမော်စွန်နီအာလင်မ်များအနေဖြင့်ထောက်ခံထားလျင်saiful အနေဖြင့် အေမာမ်ဘုခါရီနှင့် အဗ်နေအစီးရ် ကို အဗ်နေဟဂ်ျအာစ်ကလာနီ လောက် အေလ်မ်မရှိဟု စော်ကား လိုက်ခြင်း ဖြစ်ပါသည်။ ပြီးနောက် ရှီအာ ကို တွဲတာဆော်တာမှန်သမျှသည် ဤ မိမိ၏ အာလင်မ် ၂ ပါးကို တွဲတာစော်တာ မည်ပေမည်။
သနားစရာ saiful နှင့် ၎င်းကိုအားပေးသည့်သူများ ဘဝမှာ ဆုပ်စူး၊စားရူး ဘဝ ၊စားရမှာလည်း သဲနှင့်ရှပ်ရှပ် ၊ပစ်ရမှာလည်းအဆီနှင့်ဝင်းဝင်း အခြေအနေရောက်နေချေပြီး ။ ဒါကြောင့် ကိုယ့်အတတ်ကိုယ့်စူးပြီး မိုနာဖေက်ရှီအာ နှင့် ရှိက်ဂျမားလ် အော်ပရေရှင်းမဟုတ်တော့ဘဲ ၊မိုနာဖေက်စွန်နီနှင့် စွန်နီအာလင်မ်အော်ပရေရှင်းဖြစ်နေပေသည်။
ဝစလာမ်…
ရှိက်ခ်ဂျမားလ်
ကျွန်တော့်ရဲ့အဖြေများကို ဒီနေရာမှာ မှာကြည့်နိုင်ပါတယ်
0 comments:
Post a Comment